အခုပေးမယ့် application လေးက ကွန်ပျူတာထဲမှာသွင်းရမှာပါ။ ဆော့ဝဲရဲ့နာမည်ကတော့ Android Injector လို့ခေါ်ပါတယ်။ ဒီ application လေးက ဘာကောင်းလဲဆိုတော့ ပုံမှန်အတိုင်းဆိုရင် ဖုန်းရဲ့ SD ကဒ်ထဲကိုကိုယ်သွင်းချင်တဲ့ .apk ကိုထည့်၊ ပြီးမှသွင်း အဲဒီလို ဒုက္ခမျိုးတွေ မရှိတော့ပါဘူး။ ဒီ application လေးကိုသုံးပြီး ကွန်ပျူတာထဲကနေ ဖုန်းထဲကို တိုက်ရိုက် install လုပ်လို့ရပါတယ်။ ဖုန်း SD card ထဲ ကိုယ်သွင်းချင်တဲ့ application ဖိုင်သွားထည့်နေစရာမလိုတော့ပါဘူး။ application ကို install လုပ်ရာမှာလည်း application တစ်ခုတင်မဟုတ်ပဲ အများကြီးကို တစ်ပြိုင်တည်း install လုပ်လို့ရပါတယ် ။ အဲဒီလိုလုပ်ချင်ရင်တော့ အောက်ပုံထဲကအတိုင်း Selected files ကိုနှိပ်ပြီး လုပ်ရမှာပါ။ တော်တော်လန်းတဲ့ software တစ်ခုပါ။ အောက်မှာရယူနိုင်ပါတယ်။
Android Injector Download <<<<<
ဒီဆော့ဝဲလေးကို သုံးမယ်ဆိုရင် အရင်ဆုံး မိမိ ဖုန်းမှာ USB Debugging mode ကို enabled လုပ်ပေးထားဖို့ လိုပါတယ်။ပြီးတော့ မိမိ ကွန်ပျုတာမှာ USB drivers ကို installed လုပ်ပေးထားဖို့ လိုပါတယ်။
USB drivers Download <<<<

No comments:
Post a Comment
မသိရင်သိအောင် လုပ်ပေးမည် မတတ်ရင် တတ်အောင်လုပ်ပေးမည် အဲဒါ None Access Denied ဖြစ်သည်။