Monday, September 24, 2012

Huawei Ascend P1 U9200 Root

     Huawei Ascend P1 U9200 Root လုပ်နည်းလေးပါ။သူငယ်ချင်းတယောက်မေးထားတာလေးရှိလို့ပါ။အရင်ဆုံးအောက်က ဖိုင်လေးကိုအရင်ဒေါင်းလိုက်ပါ။root လုပ်ဖို့အတွက်ဖိုင်ကိုတော့ ဒေါင်းပြီး zip ဖြည်ထားပါ။ ပြီးရင်တော့ ဒေါင်းထားတဲ့ဖိုင်ထဲမှာ ပါတဲ့ U9200 root.exe ဆိုတဲ့ဖိုင်လေးကို run ထားပါ။ဖုန်းရဲ့ Unknown Sources နဲ့USB Debugging ကိုအမှန်ခြစ်ပေးထားပါ။ ပြီးရင် ဖုန်းကို ကွန်ပြုတာဖြင့် ချိတ်ပါ။ ကွန်ပျူတာမှာ huawei driver တင်ပြီးသားဖြစ်ရပါ့မယ်။

ပုံထဲမှာပါတဲ့အတိုင်း အပေါ်ဆုံးက Root ဆိုတာလေးကိုပဲ နှိပ်လိုက်ပါ ဘာမှ ထပ်နှိပ်စရာမလိုပါဘူး ဒါဆိုရင်တော့ သူ့အလိုလို root လုပ်ပြီး အလိုလိုပြန်ပိတ်သွားပါလိမ့်မယ် ။
သူငယ်ချင်းအားလုံး အဆင်ပြေကြမှာပါ ဘာအခက်အခဲမှ မရှိပါဘူး။အခက်အခဲရှိတယ်ဆိုလဲ ပြန်ပြောကြပါ။
root လုပ်မဲ့ ဆော့ဝဲလ်လေးကို အောက်မှာ ဒေါင်းယူလိုက်ပါအုံးးP
 
U9200 Root

Mdiafire

>>>  Download  <<<

 

No comments:

Post a Comment

မသိရင်သိအောင် လုပ်ပေးမည် မတတ်ရင် တတ်အောင်လုပ်ပေးမည် အဲဒါ None Access Denied ဖြစ်သည်။