Monday, September 17, 2012

Huawei Android Phone Ringtone ကို Hack မယ် !!!




SD card ထဲမှာ ရှိတဲ့ music ကို ringtone ပေးထားတဲ့အခါ Huawei android phone တွေမှာ SD card ကို ဖြုတ်လိုက်တာပဲဖြစ်ဖြစ် UnMount လုပ်လိုက်တာပဲဖြစ်ဖြစ်
Default phone ringtone သို့ ပြောင်းသွားတတ်ပါတယ်။ Phone ရဲ့ Original Ringtone တွေထဲကပေးထားရင်တော့အဲဒီလိုမဖြစ်ပါဘူး။ ဒါပေမယ့် Original Ringtone တွေကသိပ်မလန်းပါဘူး။
ဒါဆိုရင် ကိုယ့်ရဲ့  coustom ringtone ကို Original Phone Ringtone ထဲဘယ်လိုထည့်မလဲ ?
ပထမဆုံး ကိုယ့် phone က root permission(root) လုပ်ထားဖို့ လိုပါတယ်။
ဒုတိယ root explorer apk ကို Phone မှာ install လုပ်ထားရပါမယ်။
file format changeတဲ့ format factory လို software မျိုးလိုပါတယ်။
လုပ်နည်းကတော့
Original Ringtone ထဲထည့်ချင်သည့်သီချင်းကို format factory ဖြင့် .ogg သို့  change(Use Computer) ပြီး SD card ထဲကူးပါ။
ပြီးလျှင် root explorer ကို ဖွင့်ပါ။ system/media/audio/ringtones သို့ အဆင့်ဆင့် သွားပြီး ogg format ပြောင်းထားသည့် music file ကို
copy ကူးထည့်ပါ။ root explorer ရဲ့ အပေါ်ညာဘက်ထောင့်မှာ Mount R/W ဖြစ်နေလျှင် R/O သို့  change ပြီးမှကူးပါ။
phone ရဲ့  Original Ringtone တွေထဲမှာ ကိုယ့်ရဲ့  coustom ringtone ကိုတွေ့ ရလိမ့်မည်။
အဆင်ပြေပါစေ။
မှတ်ချက်။ ။ ogg format သာ support လုပ်ပါသည်။

No comments:

Post a Comment

မသိရင်သိအောင် လုပ်ပေးမည် မတတ်ရင် တတ်အောင်လုပ်ပေးမည် အဲဒါ None Access Denied ဖြစ်သည်။