flash

-:: ....:.:.:Since September 2011 :..:..:....
-:: ကျွန်တော့်ဆိုဒ်မှ ကူးယူတင်ပြတော့ ဘလော့များအား ဆိုဒ်လိပ်စာထည့်သွင်းပေးပါရန် မေတ္တာရပ်ခံပါတယ် ::-

Tuesday, June 12, 2012

.

Samsung Galaxy Ace S-5830 ကို ROOT လုပ်နည်း

http://st2.gsmarena.com/vv/pics/samsung/samsung-galaxy-ace-s5830-3.jpg

ကျွန်တော် နောက်ပိုင်း ဖုန်းတွေကို Root လုပ်နည်းနဲ့ Version မြှင့်နည်းလေးတွေ အားတဲ့အချိန်တိုင်း ရေးပေးသွားပါမယ်။ ခုတော့ ကျွန်တော် Samsung Galaxy Ace ကိုင်တဲ့သူတွေအတွက် Root လုပ်နည်းလေး ရေးပေးသွားပါမယ်။
Samsung Galaxy Ace S-5830 ကို Root လုပ်နည်း
  1. အရင်ဆုံး အောက်မှာ ပေးထားတဲ့ Zip File လေးကို Download ဆွဲလိုက်ပါ။
  2. Download Here
  3. ပြီးရင် မိမိဖုန်းရဲ့ SD Card ထဲကို ထည့်လိုက်ပါ။ ( မှတ်ချက် ။ ။ ထို Zip File အား Extra ပြုလုပ်ခြင်း Rename လုပ်ခြင်းများ မပြုလုပ်ပါနှင့် )ပြုလုပ်မိ ပါက မိမိ ဒေါသ နဲ့ မိမိတာ ဖြစ်ပါသည်။:P
  4. မိမိဖုန်းတွင် USB Debugging ကို Enable လုပ်ဖို့အတွက် ဖုန်းရဲ့ Setting > Applications > Development > USB Debugging ကိုသွားပြီး Enable လုပ်လိုက်ပါ။ ပြီးရင် မိမိဖုန်းကို ပိတ်လိုက်ပါ။
  5. ပြီးရင် Recovery Mode ကို ၀င်ဖို့အတွက် Volume Up + OK Button ( Middle Button ) + Power သုံးခုစလုံးကို ဖိထားလိုက်ပါ။ Samsung Galaxy Ace Logo တက်လာပီဆိုရင် လွှတ်လို့ရပါပြီ။
  6. အပေါ်သွား အောက်သွားလုပ်ဖို့အတွက် Volume Down + Up ခလုတ်ကို အသုံးပြုပြီး ရွှေးဖို့အတွက် OK Button ( Middle Button ) ကိုနှိပ်ပြီးရွေးပါ။
  7. Install Zip From SD Card ကိုရွေးပေးပါ။ ပြီးရင် Choose From SD Card ကို ရွေးပေးပါ။
  8. ပြီးရင်တော့ ခုနက SD Card ထဲကို ကူုးထည့်ထားတဲ့ Zip File ( upd_1.zip )ကို ရွေးပေးလိုက်ပါ။
  9. သိပ်လည်း မကြာပါဘူး။ အများဆုံး ၅ မိနစ်လောက်ပဲ ကြာပါတယ်။ Finish ပြပြီဆို မိမိဖုန်းကို Root လုပ်လို့ ပြီးသွားပါပြီ။
  10. ပြီးရင်တော့ ++++ Go Back ++++ ကိုရွေးပြီး ပြန်ထွက်ပါ။ ပြီးလျှင် Reboot System Now ကို ရွေးပေးပါ။

ဒါဆို မိမိဖုန်းက ပြန်ဖွင့်လာတဲ့အခါမှာ Superuser ရောက်နေမှာဖြစ်ပါတယ်။ လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။ :P

No comments:

Related Posts Plugin for WordPress, Blogger...