Forum မှ gyittoo ရဲ့ ပိုစ်ပါ မူရင်းလင့်ကို ဒီက သွားပါ
character map ဆိုတာကတော့ ကိုယ့်ကွန်ပျူတာမှာ တင်ထားတဲ့ ဖောင့်တွေအားလုံးကို အလျှင်အမြန်ကြည့်လို့ရအောင်သုံးတာပါ။ နောက်ပြီး Alt ခံပြီးရိုက်ရတဲ့ ပါဋ်ဆင့်စာလုံးတွေကိုလည်း အလွယ်တကူ ကော်ပီယူပြီးသုံးလို့ရပါတယ်။ ကော်ပီမယူချင်ရင်လည်း character map ရဲ့ အောက်ခြေမှာ Alt နဲ့ တွဲရိုက်ရမယ့် နံပါတ်ကို အလွယ်တကူပဲကြည့်ပြီး ပြန်ရိုက်လို့ရပါတယ်။ ကျွန်တော်တို့ဆို နံပါတ်တွေ အလွတ်မရခင်တုန်းက လက်ကွက် စာရွက်ကြီးဘေးနားချပြီး ရိုက်ရပါတယ်။ character map ဆိုတာကတော့ window တင်ကတည်းကပါတဲ့ ဆော့ဝဲလေးပါ။ ဒါပေမယ့် ၀င်းဒိုးမှာ ပါလာတဲ့ character map ဟာ အလွန်သေးငယ်ပြီး မနည်းပဲ ပြူးပြဲပြီးကြည့်ရပါတယ်။ အခုတင်ပေးလိုက်တာကတော့ portable လေးပါ။ သုံးရတာအဆင်ပြေသလို စာလုံးတစ်လုံးချင်းစီကိုလည်း zoom နဲ့ကြည့်လို့ရပါတယ်။ screen ကိုလည်း လိုသလောက်ချဲ့ပြီးကြည့်လို့ရပါတယ်။ ကဲကဲ လှချင်လို့မျက်မှန်တပ်တာပဲဖြစ်ဖြစ်၊ တစ်ကယ်မှုန်တာပဲဖြစ်ဖြစ် ကြီးကြီးလေးကြည့်ချင်ရင်တော့ အောက်မှာဒေါင်းသွားကြနော်...။ နောက်လိုချင်တာရှိရင်လည်း ညီလေးလရောင်စိုးမိုးဆီမှာတောင်း။ ဟဲဟဲ သူပေးလိမ့်မယ်။
No comments:
Post a Comment