flash

-:: ....:.:.:Since September 2011 :..:..:....
-:: ကျွန်တော့်ဆိုဒ်မှ ကူးယူတင်ပြတော့ ဘလော့များအား ဆိုဒ်လိပ်စာထည့်သွင်းပေးပါရန် မေတ္တာရပ်ခံပါတယ် ::-

Monday, May 21, 2012

.

Hacking Mozilla Firefox

ကဲ.......ဒီတခါတော့ ဆန်းဆန်းပြားပြား အနေနဲ့ ဟဲ မြေခွေးကို ကလိ ကျမယ် ဟီး----။
ကဲ ဗျာ ကလိကြရအောင် Mozilla ကိုပြောတာနော် ဟဲ လျှောက်မတွေးနေနဲ့အုံး နော် သားက ရိုးရိုးသားသားပြောတာ။
ကဲ အရင်ဆုံး Mozilla ရဲ့ Address Bar မှာ

chrome://browser/content/browser.xul

အဲဒါလေး ရိုက်ကြည့်လိုက်ပါ ဟဲ အဲဒါလေး ကို ရိုက်လိုက်ရင်တော့ Mozilla ဘားလေးကို အံသြလောက်ဖွယ်ကောင်းလောက်တောင် နှစ်ထပ် အဖြစ်မြင်ရမှာပါ အသစ်ပေါ်လာတဲ့ အောက်က ဘားလေးမှာပါ အသုံးပြုလို့ရပါတယ် ဟဲဟဲ ကိုဇော်ဝင်းထွဋ် လို အပေါ်ထပ်နဲ့ အောက်ထပ် ဇာတ်လမ်းလေးပေါ့ ။

(2)ဒီတခုကတော့ Special Effect လိုတောင်ပြောလို့ရတယ် ဟီး ကိုသုံးဖို့တော့ ဟုတ်ဝူး သူများကို စဖို့ ကဲ နာလဲ
နီတို့ကို အခု စလိုက်မယ် ကဲအောက်က စာကြောင်းလေးကို ကူးပြီး ထည့်ကြည့်ပါအုံး Address Bar မှာ

chrome://global/content/alerts/alert.xul

ဟဲ ချစ်ရို့စတာနော် စိတ်ဆိုးရ၀ူး ဟိ ဟိ

(3)ဒါကတော့ Cookie ဖိုင်တွေ ကို အသုံးပြုချင်တယ် ဖြတ်ချင်တယ်ဆိုရင် အတွက်ပါ

chrome://browser/content/preferences/cookies.xul

အင်း ဟက်ကာ အတိုကြီးတွေကတော့ ပြောတာပဲ Cookie ဖိုင်တွေကတန်ဖိုးရှိတယ်တဲ့ ဟိ ဟိ နာကတော့ ကွက်ကီးဆိုစားလို့ကောင်းတာပဲ သိတယ် ဟီး လရောင် တို့ အဲလို ထူးချွန်တာ။

(4)ဒီတခုကတော့ History ပြန်ကြည့်တာလေးပါ

chrome://browser/content/history/history-panel.xul


(5) Bookmarks အတွက် ကုဒ်ပါ

chrome://browser/content/bookmarks/bookmarksPanel.xul

(6)Tools ထဲက Options Tabs အတွက်

chrome://browser/content/preferences/advanced.xul
ဒီကုဒ်က အားနည်းချက်တော့ ရှိပါတယ်

(7)ဒီတခုကတော့ တခါတလေ အသုံးဝင်ပါတယ် Java Script option လေးပါ

chrome://browser/content/preferences/advanced-scripts.xul

(8)ဒါကလေးကတော့ Setting ထဲကကို့ ရဲ့ ကျန်ခဲ့မဲ့ website History တွေ Cookie ဖိုင်တွေကို ရှင်းလင်းပြစ်ခဲ့ဖို့
အတွက်ပါ

chrome://browser/content/preferences/sanitize.xul

(9) ဒါလေးကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး Fonts Setting ပါ

chrome://browser/content/preferences/fonts.xul

ကဲ ဗျာ အနော် သိသလောက်ကတော့ ဒါပဲ ကျန်တာတွေတော့ အများကြီးရှိအုံးမယ်ထင်တာပဲ။ရှိလဲ ရှိပါတယ်။
ဟဲ ဒါနဲ့ တခု ကြို ကြွား အဲလေ ကြို ပြောထားတာပေါ့ လေ ဟဲ ဟဲ Website Hacking နဲ့ ပက်သက်တဲ့ စာအုပ်တအုပ် ကို အနော် ရေးနေတာ ပြီးလောက်ပါပြီ ဟဲ အခြေခံ Basic ပါ အထင်တွေ စွတ်မကြီးပါနဲ့ ဟဲ ....။
ကြိုပြောထားတာ တော်ကြာ ဟိုးနေ့က အိမ်အောက်ထပ်က ကောင်လေးကို အကို့ရှိမှာ Hacking နဲ့ပက်သက်ပြီး
သင်တန်း တတ်ချင်လို့ပါတဲ့ အီး ဟီး ကိုတောင် ဘားမှ မတတ်တာကို ဟီး။အခုလို အနော် လေဖောတာကို ထပ်ဖတ်ပေးတဲ့ ပရိသတ်ကြီးကိုလဲ ကျေးဇူး တင်ပါတယ်ခင်ဗျား။

No comments:

Related Posts Plugin for WordPress, Blogger...