Thursday, January 10, 2013

Wifi Codes Apk လေးပါ

ဒီ application လေးကတော့  သင့်ဖုန်း wifi ရဲ့  service provider ကပေးထားတဲ့  country code ကို ပြောင်းလဲ ပေးနိုင်တဲ့  application လေးဖြစ်ပါတယ် အဲ့လို country code ပြောင်းလိုက်တဲ့ အတွက် ဖုန်းမှာ wireless လိုင်းတွေ မပေါ်တဲ့ သူတွေအတွက် အဆင်ပြေပါလိမ့်မယ်
အဲ့ဒီ အတွက် ဖုန်းကို အရင်ဆုံး root လုပ်ထားရပါမယ်
ပြီးရင် အဲ့ဒီ application apk ဖိုင်လေးကို ဒီမှာ ဒေါင်း ပါ။
Download
ပြီးရင် install လုပ်လိုက်ပါ။

application ကို ဘယ်လို အသုံးပြုရသလဲဆိုတော့ …
၁။ wifi ကိုဖွင့်ပါ
၂။ application ကိုဖွင့်ပြီး မိမိပြောင်းလဲ လိုတဲ့  country code ကိုနှိပ်ပါ
၃။ အဓိက country code ၂ခု ကို တွေ့ ပါလိမ့်မယ်

၎။ country code ကို change လုပ်လိုက်ပါ။
၅။ တကယ်လို့  သင်ဟာ အဲ့ဒီ application ကို ပထမဦးဆုံး အကြိမ် အသုံးပြုတာဖြစ်တဲ့ အတွက် root permission တောင်းပါလိမ့်မယ် ။ grant ပေးလိုက်ပါ။
၆။ ပြီးရင်တော့ သင့်ဆီကို country code ပြောင်းတဲ့ အကြောင်း massage ရောက်လာပါလိမ့်မယ်။
၇။ wifi ကို အပိတ် အဖွင့် တစ်ခေါက် လုပ်ပေးလိုက်ပါ။
၈။ ဒါဆိုရင်တော့ wifi network တွေကို တွေ့ ရပါလိမ့်မယ်။

Note – အထက်ပါ အဆင့်များကို ပထမဆုံးတစ်ကြိမ်ပဲ ပြုလုပ်ရမှာဖြစ်ပြီး ဖုန်းကို factory restart ပြန်မချမချင်း ထပ်မံလုပ်ဆောင်ရန်မလိုအပ်တော့ပါ

No comments:

Post a Comment

မသိရင်သိအောင် လုပ်ပေးမည် မတတ်ရင် တတ်အောင်လုပ်ပေးမည် အဲဒါ None Access Denied ဖြစ်သည်။