Monday, November 19, 2012

Pc Internet ကို Usb သုံးပြီး ဖုန်း မှာလည်း သုံးကြမယ်

PC မှာရှိတဲ့ အင်တာနက်ကွန်နက်ရှင်ကို android ဖုန်းတွေမှာ မျှစေသုံးနိုင်စေဖို့   ဒီပို့ လေးကို ရေးသားလိုက်ပါတယ်။
လိုအပ်တာတွေကတော့
သင့်ဖုန်းဟာ Root လုပ်ပြီးဖြစ်နေရပါမယ်။
Settings > Applications > Development > USB Debugging > Turn On ဖြစ်နေရပါမယ်။
သက်ဆိုင်ရာ driver တွေတင်ပြီးသားဖြစ်နေရပါမယ်(ဖုန်းနဲ့ကွန်ပျူတာ detect သိနေရပါမယ်)/
USB ကြိုး အဆင်သင့်ရှိနေရပါမယ်။
အရင်ဆုံး Reverse Tethering ဆိုတဲ့ ZIP ဖိုင်လေးဒေါင်းပါ။
Reverse Tethering.zip
ဒေါင်းလို့ ရလာတဲ့ ဖိုင်ကို ဖြည်လိုက်ပါ။

NO.1 Tracetool Service.apk File ကို Phone မှာ Install လုပ်ပေးပါ။
NO.2 apk ဖိုင်ကို install လုပ်ပြီးမှ Android Tool.exe ကိုRun ပါ။


No.1 က မိမိ တို့ devices name မပေါ်လျင် refresh လုပ်ပါ။
NO.2 Dns အဆင်ပြေ မပြေ Check လုပ်ပါ။
NO.3 အားလုံးအိုကေပီဆို Connect ဆိုတာလေးကို နှိပ်လိုက်ပါ။

ဒီပုံက Connect ခလုပ်ကိုနှိပ်ထားပြီး  အချိန်အနည်းငယ်ကြာတဲ့အခါမှာ ချိတ်ဆက်သွားမယ့်ပုံဖြစ်ပါတယ်။
ဆော့ဝဲလ်မှာ Connect ခလုပ်ကို နှိပ် လိုက်ပြီး  တာနဲ့ ဖုန်းမှာတင်ထားတဲ့ USB Ttunnel ဆော့ဝဲလ်လေးကို Run ပေးထားရမှာဖြစ်ပါတယ်။
 
ဒါကျနော့ဖုန်းမှာ စမ်းသပ်ထားတာဖြစ်ပါတယ်။ခုပုံအနေအထားကတော့ ဖုန်းမှာလဲ Connected ဖြစ်နေပါပြီ။
ဒါဆိုရင် မိတ်ဆွေတို့  ရဲ့  ဖုန်းထဲက Browser ဖွင့်ပြီး Website တွေဖွင့်ကြည့်နိုင်ပါပြီ.။ ဒီဆော့ဝဲလ်နဲ့  Facebook နဲ့ လဲ  အလုပ်လုပ်ပါတယ်.။ Market နဲ့ လဲ အဆင်ပြေတယ်လို့  တွေ့ရပါတယ်။
မူရင်း လင့်မှာလည်း  လေ့လာနိုင်ပါတယ်ခင်ဗျာ
http://forum.xda-developers.com/showthread.php?t=1371345

No comments:

Post a Comment

မသိရင်သိအောင် လုပ်ပေးမည် မတတ်ရင် တတ်အောင်လုပ်ပေးမည် အဲဒါ None Access Denied ဖြစ်သည်။