blogspot ကို မြန်မာနိုင်ငံကနေ ၀င်လို့မရတော့ ဘလော့လုပ်ချင်သူတွေအတွက် (အဓိက - မြန်မာနိုင်ငံက လူတွေအတွက်) ဘလော့ free လုပ်လို့ရပြီးတော့ အခုထိ block လုပ်ထားတာ မတွေ့ရသေးတဲ့ ဆိုက်ကလေး တစ်ခုကို မျှဝေလိုက်ပါတယ်။ သူက သုံးရတာလည်းအဆင်ပြေပါတယ်။ HTML ကို အများကြီးနားလည်စရာလည်းမလိုပါဘူး။ တစ်ခုအားနည်းတာက Theme တွေ အများကြီးတော့မရှိဘူး။ ဒါပေမယ့်လည်း ရှိတဲ့ဟာလေးတွေကလည်း ရိုးရိုးလေးနဲ့ ဆိုးတော့ မဆိုးပါဘူး။ ကျွန်တော်တောင် ဘလော့တစ်ခုစမ်းထားသေးတယ်။ နမူနာကြည့်ချင်ရင် ဒီမှာ ၀င်ကြည့်လို့ရပါတယ်။ ဘလော့လုပ်ချင်တယ်ဆိုရင်တော့ ဒီကနေ သွားလုပ်နိုင်ပါတယ်။ အဲဒီမှာ လိုအပ်တာလေးတွေဖြည့်ပေးလိုက်ပါ။ ကျွန်တော်အချိန်သိပ်မရလို့ ပုံနဲ့တင်မပေးနိုင်တာ ခွင့်လွှတ်စေချင်ပါတယ်။
နောက်ဆိုက်တစ်ခုကတော့ www.blogbaker.com ပါ။ သူလည်းစောစောကဆိုက်လိုပဲအဆင်ပြေပါတယ်။ ကဲ.... ၀ါသနာပါရင် အခုပဲစမ်းကြည့်လိုက်ပါနော်။ free ဆိုက်တွေအများကြီးရှိပေမယ့်။ subdomain အဆင်ပြေမယ့် ၊ မှတ်လို့လွယ်မယ့်ဟာနဲ့ ပိတ်မထားတဲ့ဟာလေးတွေကို ရွေးပြီးတင်ပေးတာပါ။ အားလုံးကိုခင်မင်လျှက်....
gyittoo
No comments:
Post a Comment
မသိရင်သိအောင် လုပ်ပေးမည် မတတ်ရင် တတ်အောင်လုပ်ပေးမည် အဲဒါ None Access Denied ဖြစ်သည်။