တစ်ခါတစ်လေ ကွန်ပျူတာမှာ ဗိုင်းရပ် ၀င်လို့ပဲဖြစ်ဖြစ်၊ တစ်ခြားအကြောင်း တစ်မျိုးမျိုးနဲ့ပဲဖြစ်ဖြစ် ဖိုင်တွေ hidden ဖြစ်ပြီး ပြန်ဖော်လို့မရတော့တာမျိုး ဖြစ်တတ်ကြပါလိမ့်မယ် folder option ထဲကသွားဖော်လည်းမရဘူး။ ဒီအထဲမှာ ဒီဖိုဒါရှိတယ်ဆိုတာလည်း ကိုယ်ကသိတယ်လေ။ ဒါပေမယ့် ဘယ်လိုမှ ဖော်လို့မရတဲ့အခါ ဒီဆော့ဝဲလေးကို သုံးကြည့်လိုက်ပါ။ ခင်ဗျားတို့အခုမဖြစ်သေးရင်တောင် တစ်ချိန်ချိန်မှာတော့ဖြစ်ကြပါလိမ့်မယ်။ အဲဒီတော့မှ အသည်းအသန်လိုက်ရှာမနေရအောင် အခုတည်းက ဒေါင်းထားလိုက်နော်။ ကျွန်တော်ကစိတ်ပြောင်းသွားရင် မပေးပဲနေမှာ။ ဟဲဟဲ။ နောက်တာနော်။
အောက်မှာ လုပ်နည်းကို ပုံနဲ့ပါပြထားပါတယ်။ လရောင်စိုးမိုးတို့က ပုံလေးတွေနဲ့ screen shot ရိုက်ပြီးတင်တော့ ကျွန်တော်လည်း အားနာလို့ ပုံလေးပါထည့်ပေးလိုက်တယ်။ သူက လုပ်ရတာတော့ တော်တော်ခက်တယ်ဗျာ။ သေချာလိုက်မှတ်ထားနော်။
ပထမဆုံး အောက်ကဆော့ဝဲလေးကိုဒေါင်းလိုက်ပါ။
နောက်ပြီး rar ဖိုင်ကို right click ထောက်ပြီး extract here ကိုနှိပ်လိုက်ပါ။ ရလာတဲ့ဖိုလ်ဒါထဲကဖိုင်လေးကို ကိုယ်ဖိုင်ပျောက်သွားတဲ့ အပိုင်းထဲကိုကူးထည့်လိုက်ပါ။ ဥပမာ။ C / D/ E drive ထဲမှာပျောက်သွားတယ်ဆိုရင် C / D/ E drive ထဲကိုပေါ့။ ဒါမှမဟုတ် USB drive ထဲကဖိုင်ပျောက်တယ်ဆိုရင် USB ထဲကိုကူးထည့်လိုက်ပါ။
အဲဒါဆို ဒီလိုမျိုးလေး ရောက်သွားပါပြီ။
ပြီးရင် အဲဒီကောင်လေးကို ကလစ်နှစ်ချက်နှိပ်ပြီး run ပေးလိုက်ပါ။
ခဏနေရင် အောက်ကပုံလိုမျိုးပေါ်လာပါလိမ့်မယ်။
OK ကို တစ်ချက်နှိပ်ပေးပြီး ခဏထပ်စောင့်နေလိုက်ပါ။
နောက်ထပ်ဘောက်တစ်ခုပေါ်လာရင် OK ကိုပဲထပ်နှိပ်ပေးလိုက်ပါ။ ကဲ...။ ချက်ချင်းပဲ ခင်ဗျားတို့ပျောက်နေတဲ့ ဖိုင်တွေ၊ ဖိုလ်ဒါတွေကို အပ်ချလောင်းလို့မအော်ပဲ တွေ့မြင်ကြရပါလိမ့်မယ်ခင်ဗျား။။။ ဟဲဟဲ...။ မျက်လှည့်ဆရာလေသံလေ။
ဒီမှာဒေါင်းလိုက်နော်။


No comments:
Post a Comment
မသိရင်သိအောင် လုပ်ပေးမည် မတတ်ရင် တတ်အောင်လုပ်ပေးမည် အဲဒါ None Access Denied ဖြစ်သည်။