Sunday, April 1, 2012

Blogspot အောက်ခြေက "Powered By Blogger" ဖျက်နည်းလေးပါ

အင်း Blogspot ရဲ့အောက်ခြေက "Awesome Inc. template. Powered by Blogger." အဲဟာလေးက တခါတလေကျရင် နဲနဲမျက်စိ နောက်ချင်စရာလေးပါ ကဲ အဲဒါလေးကို မျက်စိရှင်းချင်ပါတယ်လို့ ပြောလာတဲ့ ဘလော့ဂါ မောင်နှမ အတွက်ခင်ဗျား။ကျွန်တော်တို့ ဆိုဒ်က ဘလော့ဂါတွေကိုကျတော့ ပစ်ထားတယ်တဲ့ ညီငယ်တယောက်က Gtalk မှာတွေ့တုန်းက ပြောလို့ ကိုယ့်ဆိုဒ်ကို ပြန်ကြည့်မိတော့လဲ ဟီး Blogspot ဆိုဒ်ပြင်တဲ့ ပိုစ့် မရှိသေးဘူးခင်ဗျား ရှက်ဖို့ကောင်းလိုက်တာနော် ဟီး ကဲ ဒီပိုစ့်ကနေ စတင်ပြီဗျာ ဟ ငါ့ကွ ကဲ စလိုက်ရအောင် လေတွေလဲ များနေပြီ။
(1)Design ထဲကို အရင်ဝင်လိုက်ပါ (ဘယ်က စစ Design ကစပေါ့ဗျ)
(2)"Edit HTML" ကိုဝင်လိုက်ပါ
(3)ကဲ Ctrl+F ကနေပြီးတော့ Attribution ကိုတဲ့ ဟာလေးကို ရှာလိုက်ပါ
(4)Attribution တွေ့ရင် အဲမှာ locked="true" အဲလိုလေးတွေ့မယ် အဲဒီမှာ true အစား false ဆိုပြီးပြင်ပေးလိုက်ပါ။
(5)ပြီးရင်တော့ "Save Template" လုပ်လိုက်ပါ။ဒါဆို ပြီးပြီလား ဆိုရင်တော့ ဟင့်အင်းပါ ကျန်ပါသေးတယ်ခင်ဗျား။
(6)ပြီးရင် "Page Element" ကိုဝင်လိုက်ပါ။
(7)အဲမှာ အောက်ဆုံးမှာ "Attribution" ဆိုတာကိုတွေ့ပါလိမ့်မယ် အဲဒါဆို Edit လုပ်လိုက်ပါ ပြီးရင်တော့ Remove ကို နှိပ်ပြီးနောက်ဆုံးဇာတ်သိမ်းပေးလိုက်ပေါ့ဗျာ Save တော့ လုပ်ပေါ့ဗျဟဲ။ကဲ ကိုယ့် ဘလော့ကို ကိုယ်ပြန်ဝင်ကြည့်လိုက်တော့ ခင်ဗျားအောက်ဆုံးကိုကြည့်လိုက်ပေါ့ ဟဲ ဘာတွေ့လဲ ဟင် ဟီး တွေ့တာကို ကွန်မန်းပြန်ရေးပေးပေါ့ ကျွန်တော့်ကို ဟီး ဒန် တန့်တန့်

No comments:

Post a Comment

မသိရင်သိအောင် လုပ်ပေးမည် မတတ်ရင် တတ်အောင်လုပ်ပေးမည် အဲဒါ None Access Denied ဖြစ်သည်။