flash

-:: ....:.:.:Since September 2011 :..:..:....
-:: ကျွန်တော့်ဆိုဒ်မှ ကူးယူတင်ပြတော့ ဘလော့များအား ဆိုဒ်လိပ်စာထည့်သွင်းပေးပါရန် မေတ္တာရပ်ခံပါတယ် ::-

Thursday, November 8, 2012

.

Torrent File တွေကို IDM နဲ့ Download ဆွဲမယ်


Internet Download Manager (IDM) က မြန်မာနိုင်ငံသားတွေရဲ့ အသည်းစွဲ Download Manager တစ်ခုလို့ပြောရင် မမှားဘူးထင်ပါရဲ့။
သူ့ရဲ့ မြန်လွန်းလှတဲ့ Download Speed Capability ကြောင့် တစ်ကမ္ဘာလုံးမှာပါ တော်တော်များများ သုံးစွဲနေကြပါတယ်။

ပုံမှန်ဆိုရင် uTorrent တို့နဲ့ Torrent Filet တွေကို Download ဆွဲနေကျပေါ့နော်။ အခုတော့ မြန်ပါတယ်ဆိုတဲ့ IDM နဲ့ Torrent File တွေကို Download ဆွဲကြည့်ကျရအောင်။

ပထမဆုံးက...ကိုယ့်ကွန်ပျူတာထဲကို ကိုယ်ဆွဲချင်တဲ့ Torrent File ကို Download ဆွဲလိုက်ပါ။ ဆွဲပြီးရင် .torrent extension နဲ့ File တစ်ခုရပါလိမ့်မယ်။
ပြီးရင်....http://zbigz.com/ ကိုသွားပါ။
ထို့နောက်...ခုနက File ကို Upload လုပ်ပါ။
အဲ့ဒီ Website မှာပေါ်လာမည့် Free လား၊ Premium လားလို့မေးတာမှန်သမျှကို Free လို့ Click နှိပ်ရုံပါပဲ။
ဒါပြီးရင်တော့ ခဏစောင့်ရပါလိမ့်မယ်။ Website က Torrent File ကို Cache လုပ်ပါလိမ့်မယ်။ ပြီးရင်တော့ .Zip ဆိုပြီး Button ရှိပါလိမ့်မယ်။ အဲ့ဒါကို နှိပ်ပြီး ခဏ ထပ်စောင့်လိုက်ရင်...IDM နဲ့ ပုံမှန် Download ဆွဲသလို IDM Box ကျလာပြီး Start Download လို့မေးပါလိမ့်မယ်။ Click နှိပ်လိုက်ရင် IDM နဲ့ Torrent File တွေကို Download ဆွဲလို့ရပါပြီ။

P.S. Free Account နဲ့ Download ဆွဲတဲ့အတွက် File Limit ကတော့ 8GB File Size အထိပဲရပါလိမ့်မယ်။ ပြီးတော့...File တွေကို Parallel Download ဆွဲလို့မရနိုင်ပါ။

 
Credit : IT4M

No comments:

Related Posts Plugin for WordPress, Blogger...