flash

-:: ....:.:.:Since September 2011 :..:..:....
-:: ကျွန်တော့်ဆိုဒ်မှ ကူးယူတင်ပြတော့ ဘလော့များအား ဆိုဒ်လိပ်စာထည့်သွင်းပေးပါရန် မေတ္တာရပ်ခံပါတယ် ::-

Sunday, November 18, 2012

.

Facebook တွင် Tag လုပ်ထားသည်များကို စိစစ်ပြီးမှ ဖော်ပြမယ်

အခုကျနော်ပြောပြမှာကတော့ မိမိတို့ကို Tag လုပ်ထားတာတွေကို  ချက်ချင်း မိမိ Wall မှာမပေါ်အောင်လုပ် လို့  ရမယ့်နည်းလမ်းလေးတစ်ခုပါ။ တချို့သော် ပိုစ့်တွေက စိတ်အနှောက်တော်တော်ဖြစ်စရာကောင်းတဲ့ ပိုစ့်တွေ မိမိကိုလာပြီး Tagတယ်ဆို သွားပြောမလို့ကလည်း အားနာနေတာနဲ့ မပြောလည်းမပြောချင် ဖြစ်နေတဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေမှာပါ။ကျွန်တောိ့ကု ဖေ့ဘုတ်မှာ သူငယ်ချင်း ဖြစ်တဲ့လူတွေကတော့ဒီနည်းလိုရင်လိုမှာ ကျွန်တော်က စိတ်ထဲရှိတာကို တင်ချင်ရင်တင်လိုက်တာပဲ ပြီးရင် Tag ပေးချင်တဲ့ လူကိုပေးလိုက်တာပဲ ဟီး.......။ကဲ စလိုက်ကျစို့ သူငယ်ချင်းတို့


အဆင့်-၁

facebook account က Privacy Settings settings ကိုနှိပ်ပါ 

အဆင့်-၂
 
အခုအဆင့်မှာ ပုံမှာပါတဲ့အတိုင်း Timeline and Tagging ဆိုတာလေက Edit Settings ဆိုတာလေးကိုနှိပ်ပါ..

အဆင့်-၃

ပုံမှာပါတဲ့ အတိုင်းEnabled ဆိုတာကိုရွေးပေးလိုက်ပါ
အဲသလို လုပ်ထာပါက ကိုယ့်ကို Tag တာတွေကို ချက်ချင်း မိမိ Wall မှာမပေါ်ပဲProfile ရှိ Activity Log တွင်သာNoti လေးဝင်နေတာကိုသာ တွေ့ ရပါလိမ့်မယ်။
Activity Log တွင် မိမိကို Tag လုပ်တာ ရှိသလောက် Noti တက်နေမှာ ဖြစ်ပါတယ်။ တကယ်လို မိမိ Wallမှာပေါ်စေချင်ရင်တော့ Approve (အမှန်ခြစ်) ပေးလိုက်ပါ သို့သော် မိမိ မပေါ်စေချင်ဘူးဆိုရင်တော့ Dismiss (အမှား) ကိုနှိပ်ပေးလိုက်ပါ..။

အဆင့်-၎

အခုအဆင့်မှာတော့ မိမိ Post တွေမှာ သူများတွေက Tag လုပ်တာတွေကို  Approve/Dismiss လုပ်ချင်တယ်ဆိုလျှင်တော့အခုပုံမှာပါတဲ့အတိုင်းEdit Settingsကိုနှိပ်ပြီး  Enabled သွားပြီးလုပ်ပေးလိုက် ရင်ရပါတယ်။

အဲဒါဆိုရင်ကိုယ် Tag မလုပ်စေချင်တဲ့လူတွေလာ Tag နေတာကို ကာကွယ်လို့ ရပါတယ်။ကဲ ပြော ဘာလိုသေးလဲ သူငယ်ချင်းတို့ရေ.........

No comments:

Related Posts Plugin for WordPress, Blogger...