flash

-:: ....:.:.:Since September 2011 :..:..:....
-:: ကျွန်တော့်ဆိုဒ်မှ ကူးယူတင်ပြတော့ ဘလော့များအား ဆိုဒ်လိပ်စာထည့်သွင်းပေးပါရန် မေတ္တာရပ်ခံပါတယ် ::-

Wednesday, November 14, 2012

.

ShweBook အင်္ဂလိပ်မြန်မာ အဘိဓာန် for Android Os

Android ဖုန်းတွေခေတ်စားလာတာနဲ့အမျှ Android ဖုန်းအတွင်းမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ Appတွေကို ပြည်တွင်းက နည်းပညာရှင်များက
ရေးဆွဲလာကြတာအတော်လေးကိုများပြားလာခဲ့ပ
ါပြီ။ အခမဲ့ပေးတဲ့ Appတွေ
လည်း ရှိသလို အခပေးသုံးမှရနိုင်တဲ့ App တွေကို လည်းတွေ့မြင်နေရပါ
တယ်။ ယခုဖော်ပြမယ့်App လေးကတော့ Android ဖုန်းတွေ၊တက်ဘလက်
တွေမှာထည့်သွင်းအသုံးပြုနိုင်မယ့်အင်္ဂလိပ်-မြန်မာ၊ မြန်မာ-အင်္ဂလိပ် အဘိ
ဓာန်လေးပဲဖြစ်ပါတယ်။ယခင်ထွက်ဖူးတဲ့ Appတွေရှိခဲ့ဖူးပေမယ့် ယခုဘိဓာန်
လေးလောက် သပ်ရပ်မှုမရှိခဲ့ပါဘူး။ယခု ShweBookအဘိဓာန်လေးကသပ်
ရပ်သလို အသုံးပြုရတာလည်း ရိုးရှင်းလှပါတယ်။

ထူးခြားချက်ကတော့ မိမိဖုန်းဟာAndroidဖုန်းဖြစ်ရန်သာလိုအပ်ပြီး မြန်
မာ ဖောင့်များသွင်းမထားရသေးတာတွေ၊Root လုပ်ပြီးမှ တင်လို့ရမှာတွေကို
ကျော်လွန်ပြီး မိမိဖုန်းအတွင်းမှာ မြန်မာစာဖောင့်မရှိလည်းမြင်တွေ့နိုင်ခြင်းပါပဲ။
နောက်တစ်ချက်ကတော့Rootလုပ်စရာမလိုပဲ ထည့်သွင်းနိုင်ခြင်းဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာစာဖောင့် မထည့်ထားတာတွေ၊မြန်မာစာကီးဘုတ် မရှိတာတွေ ဆိုရင်တော့ မြန်မာ-အင်္ဂလိပ်ရှာတဲ့နေရာမှာ နည်းနည်းအခက်တွေ့နိုင်ပါတယ်။

ယခုဗားရှင်းအနေနဲ့ 2.0အထိရှိလာခဲ့ပြီး ယခင်ဗားရှင်း 1.0မှာတုန်းက
ပြသနာလေးတွေerrorလေးတွေကိုဖြေရှင်းပေးထားကြောင်း ShweBook၏
Facebookစာမျက်နှာမှာ ဖော်ပြထားပါတယ်။အားနည်းချက်တစ်ခုကတော့
ယခုဗားရှင်းဟာ Android 3.0အထက်ဖုန်းများတွင်သာအသုံးပြုနိုင်ကြောင်း
သိရပါတယ်။ Android OS 3.0အောက်ဖုန်းများမှာ အခက်အခဲများဖြစ်ပေါ်နိုင်ပြီး အခက်အခဲတစ်စုံတစ်ရာပေါ်ပေါက်ပါက
support@shwebook.comသို့ဆက်သွယ်ကာအကူအညီများတောင်းခံနိုင်
ကြောင်းကိုလည်းဖော်ပြထားပါတယ်။ ShweBookAppကိုရယူလိုရင်တော့
www.shwebook.com မှာဝင်ရောက်ရယူနိုင်ပါတယ်။

Link:http://www.shwebook.com/

No comments:

Related Posts Plugin for WordPress, Blogger...