flash

-:: ....:.:.:Since September 2011 :..:..:....
-:: ကျွန်တော့်ဆိုဒ်မှ ကူးယူတင်ပြတော့ ဘလော့များအား ဆိုဒ်လိပ်စာထည့်သွင်းပေးပါရန် မေတ္တာရပ်ခံပါတယ် ::-

Thursday, August 16, 2012

.

ကွန်ပျူတာရဲ့ Wallpaper ကို ပြောင်းလို့မရအောင်လုပ်နည်း


သူငယ်ချင်းများအားလုံးမင်္ဂလာပါခင်ဗျာ… ဒီတခါကျွန်တော်ရေးမည့်ဘလော့ကတော့ “ကွန်ပျူတာရဲ့ဘတ်ခရောင်းကို ပြောင်းလို့မရအောင်လုပ်နည်း” ဘဲဖြစ်ပါတယ်..။ ကိုယ့်ကွန်ပျူတာကို ကိုယ်ကပုံလှလှလေးတွေတင်ထားတယ်၊(ဟိဟိ ကိုရဲ့ အမောပြေလေး ပုံဆိုပါတော့) သူငယ်ချင်းတယောက်ယောက်ကရောက်လာပြီး ဟိုကလိဒီကလိနဲ့ ကိုယ့်ကွန်ပျူတာရဲ့ဘတ်ခရောင်းတွေကိုလည်းပြောင်းထားတယ်၊ (အင်း အမောတော့ ဆို့ပြီပေါ့ ဟီး)အဲ့အခါမှာကိုယ့်မကြိုက်တော့ပြန်ပြောင်းရပြန်ရော အဲ့ဒီအလုပ်မရှုပ်အောင် ပထမတည်းက အခုလိုလုပ်ထားရင် ဘာမှလုပ်၍ရနိုင်တော့မည်မဟုတ်ပါ။။။။

ကဲကြာပါတယ်ဗျာစလိုက်ကြရအောင်…

၁။ Window(Key)+R ဖြင့်Run Boxကိုခေါ်ပါ၊

၂။ gpedit.msc ဟုရိုက်ထည့်ပြီး Enter ခေါက်ပါ၊

၃။ Local Group Policy Editor ဆိုသော Boxကျလာပါလိမ့်မယ်၊

၎။ Local Computer Policy-- > User Configuration -- > Administrative Templates-- > Desktop-- > Active Desktop Wallpaper ထိကိုသွားပါ

၅။ Active Desktop Wallpaper ကို Double Clickနှိပ်ပြီးဖွင့်ပါ

၆။ EnableမှာSelect လုပ်ပါ၊

၇။ ကိုယ့်လိုချင်သောပုံရဲ့Locationကို copyကူးပြီး Enableအောက်နားမှာရှိသော Boxမှာ pasteလုပ်ပေးပါ၊

၈။ အဆုံးသတ်တွင် OKပေးလိုက်ပါ။ ပြီးနောက် ကိုယ်တိုင်ပြောင်းကြည့်ပါပြောင်းမရတော့သည်ကို တွေ့ရပါလိမ့်မည်၊ ပြောင်းလို့အောင်ပြန်လုပ်ချင်လျှင်တော့ Enable ကို Select မလုပ်ဘဲ Not Configuration ကို Select ပြန်လုပ်ပေးလိုက်ပါ၊ အားလုံးအဆင်ပြေနိုင်ပါစေခင်ဗျာ…။အားလုံးပဲ ဘ၀အမောတွေ ပြေပါစေဗျာ....။


No comments:

Related Posts Plugin for WordPress, Blogger...