flash

-:: ....:.:.:Since September 2011 :..:..:....
-:: ကျွန်တော့်ဆိုဒ်မှ ကူးယူတင်ပြတော့ ဘလော့များအား ဆိုဒ်လိပ်စာထည့်သွင်းပေးပါရန် မေတ္တာရပ်ခံပါတယ် ::-

Sunday, April 29, 2012

.

Window 7 slide by slide feature in Vista

ဒီတစ်ခေါက်မှာတော့ Window 7 မှာနာမည်ကြီးတယ့် Window တွေကို Slide By Slide အနေနဲ့ သုံးတယ့် Feature လေးကို Vista မှာဘယ်လို သုံးမလည်းဆိုတာကို ပြောပြပါ့မယ်။ သိပ်အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ သိပြီးသူများလည်း ရှိကြမှာပါ။ ကျွန်တော်က မသိသေးသူများအတွက် ဗဟုသုတ အနေနဲ့ တင်ပေးလိုက်တာပါ။ ကျွန်တော်ကိုယ်တိုင် Window Vista သုံးနေပေမယ့် ဒီ Slide by slide Feature သုံးလို့ရမှန်း မနေ့တစ်နေ့ကမှ သိလိုက်တာပါ။ Slide by Slide Feature ဆိုတာကတော့ Window နှစ်ခုကို ယှဉ်ဖွင့်ထားပြီး အလုပ်လုပ်တယ့်နေရာမှာ သုံးရတာပါ။ ဥပမာ ကိုယ်က E-Book ဖတ်နေရင်း ကိုယ်မသိတယ့် အချက်အလက်တွေကို အင်တာနက်ပေါ်မှာ ရှာချင်တယ်ဆိုရင် E-book ကိုတစ်ခေါက်ဖွင့်ဖတ်လိုက် ကိုယ်မသိတာလေးတွေ့ရင် ကိုယ့် Task Bar မှာ Minimize လုပ်ပြီးတင်ထား Internet Browser လေးပြန်ဖွင့်ပြီးရှာလိုက်နဲ့ အလုပ်မရှုပ်အောင် တစ်ခါတည်း E-book Reader ရော Internet Browser ကိုပါ ယှဉ်ပြီးဖွင့်ထားနိုင်ပါတယ်။ အောက်မှာပုံနဲ့ ပြထားပါတယ်။

ဒီမှာက သုံးခုဖွင့်ထားတာပါ..... ဒီလို Window တွေကို နှစ်ခုသုံးခု ယှဉ်ပြီးဖွင့်ချင်ရင် နောက်ထပ် Software တစ်ခုလည်း Install လုပ်စရာမလိုပါဘူး.... လွယ်လွယ်လေးပါ အရင်ဆုံး Ctrl key လေးကို ဖိထားပြီးတော့မှ သူငယ်ချင်းတို့ ဖွင့်ချင်တယ့် Window တွေကို Task Bar ပေါ်မှာ Select လုပ်ပေးလိုက်ပါ နှစ်ခုလား သုံးခုလားကတော့ စိတ်ကြိုက်ပေါ့နော်... ပြီးရင် Task Bar ပေါ်မှာ Right Click ကိုနှိပ်ပြီး ပေါ်လာမယ့် Menu လေးထဲကနေ Show Windows Slide By Slide ဆိုတာလေးကို ရွေးပေးလိုက်ရင် ရသွားပါပြီ။ စမ်းကြည့်လိုက်ကြပါ ဒီကောင်လေးက Window Vista မှာလူသိနည်းတယ့် Feature လေးဖြစ်ပေမယ့် တစ်ခါတစ်ရံ အလွန်ကို အသုံးဝင်လို့ မသိသေးသူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ သိပြီးတယ့် ကိုကိုမမ များလည်း နားလည်ပေးနိုင်ကြပါစေ။

စေတနာများစွာဖြင့်......ကွန်ကျနေတာကို အံတုလျှက် တင်ပေးလိုက်ပါသည်။

No comments:

Related Posts Plugin for WordPress, Blogger...