flash

-:: ....:.:.:Since September 2011 :..:..:....
-:: ကျွန်တော့်ဆိုဒ်မှ ကူးယူတင်ပြတော့ ဘလော့များအား ဆိုဒ်လိပ်စာထည့်သွင်းပေးပါရန် မေတ္တာရပ်ခံပါတယ် ::-

Wednesday, April 25, 2012

.

ဂျီတော့မှာ ရုပ်ပြောင်ပုံလေးတွေနဲ့ ကွန်မန့်ပေးပြီးပြောကြမယ်။

ဒီအကြောင်းလေးက တော်တော်များများသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် မေးထားတဲ့သူတွေရှိလို့တင်ပေးလိုက်တာပါ။
ဘယ်လိုလုပ်ရမလဲဆိုတော့ အောက်မှာပေးထားတဲ့ ဆော့ဝဲလ်လေးကိုဒေါင်းပြီး install လုပ်လိုက်ပါ။
ပြီးသွားရင် ဂျီတော့ရဲ့ setting ထဲဝင်၊ appearance ကိုနှိပ်ပြီး Chat Theme ရဲ့ drop down box မှာ My Theme ကိုရွေးပေးပါ။ ကဲ..... အခုပြောလို့ရပြီ။ ချက်ဘောက်ထဲမှာ

:hi
:bye
:gm
:gn
:ha
:haha
စသဖြင့် ကွန်မန့်လေးတွေရိုက်ထည့်ကြည့်လိုက်ပါ။ သက်ဆိုင်ရာစာသားနဲ့ပါတ်သက်တဲ့ ရုပ်ပြောင်ပုံလေးတွေ
အဖြစ် ပြောင်းပြီးပေါ်လာတာတွေ့ရပါမယ်။ နောက်ပြီး ချက်ဘောက်ရဲ့ background ကိုလည်း ပြောင်းထားလို့ရတယ်နော်။ ပြောင်းချင်ရင်တော့ Start / all programs / DaSh / My theme / Change Background ကိုသွားပြီးဖွင့်လိုက်ပါ။ အဲဒီမှာ browser တစ်ခုပေါ်လာရင် အဲဒီထဲက ကိုယ်ကြိုက်တဲ့ပုံကို နှိပ်ပြီး Open လုပ်ပေးပါ။ အဲဒီအထဲကပုံကိုမကြိုက်လို့ ကိုယ်ကြိုက်တဲ့ပုံပေးချင်တယ်ဆိုရင်လည်း အဲဒီမှာ ရှာပြီး Open လုပ်ပေးလို့ရပါတယ်။ ပြီးသွားရင် ဂျီတော့ကို ထွက်ပြီး ပြန်ဝင်ကြည့်လိုက်ပါ။ ချက်ဘောက်ရဲ့ နောက်ခံမှာ ကိုယ်ရွေးထားတဲ့ပုံလေး ပေါ်နေတာကိုတွေ့ရပါလိမ့်မယ်။ ရုပ်ပြောင်ပုံလေးတွေကိုပေးတဲ့ကွန်မန့်ကုတ်လေးတွေကိုလည်း နောက်မှ စုစည်းပြီး ထပ်တင်ပေးပါဦးမယ်နော်။ ပျော်ရွှင်စွာ ကြူနိုင်ကြပါစေ။
My theme ဒေါင်းရန်

No comments:

Related Posts Plugin for WordPress, Blogger...