flash

-:: ....:.:.:Since September 2011 :..:..:....
-:: ကျွန်တော့်ဆိုဒ်မှ ကူးယူတင်ပြတော့ ဘလော့များအား ဆိုဒ်လိပ်စာထည့်သွင်းပေးပါရန် မေတ္တာရပ်ခံပါတယ် ::-

Tuesday, February 21, 2012

.

ကိုဆိုဒ်လေး မှာ Zawgyi&Unicode 2 မျိုးလုံးသုံးလို့ရအောင်ပြောင်းတဲ့ Box လေးထဲ့မယ်

ခုနောက်ပိုင်းဆိုရင် ဘလော့ဂါတွေက Unicode ဖောင့်တွေအသုံးများလာပြီးဖြစ်ပါတယ်၊ တစ်ချို့ဘလော့ဂါတွေက ဇော်ဂျီ လည်းလက်မလွှတ်နိုင် ယူနီကုတ်လဲလက်မလွှတ်နိုင်ဖြစ်နေတတ်ပါတယ်။ အဲဒီလိုလူမျိုးတွေအတွက် မရှိမဖြစ်ရှိသင့်တဲ့- ဖောင့် Chooser ကတော့ Blog-page Font changer ပါပဲ၊ အဲဒါသူ့နာမည်မဟုတ်ပါဘူး ကျွန်တော်ကိုယ်တိုင်ထွင်ထား တဲ့နာမည်ပါ :P... ထည့်တဲ့နည်းကတော့လွယ်ပါတယ် အောက်ကအတိုင်းသာဆက်လုပ်ပါ။

နည်းလမ်း
  • sing in ၀င်ပြီး Dashboard က Layout ကိုသွားလိုက်ပါ။
  • သွားပြီးရင် Sidebar က Add a gadget ကိုနှိပ်လိုက်ပါ။
  • ပြီးပြီဆိုလျှင် HTML/JavaScript ကိုရွေးနှိပ်ပါ။
  • ဘောင့်စ်တစ်ခုပေါ်လာလို့ရှိရင် အောက်ကကုဒ်တွေကို ထည့်ပေးလိုက်ပါ။
  • လက်စသက်တဲ့အနေနဲ့ ခေါင်းစဉ်ထည့်ပေးပြီး Save နှိပ်လိုက်ပါ။
<script src="http://kogeelay.googlecode.com/files/unicodeorzawgyi_KG.js"></script>

အပေါ်က အပြာရောင်နဲ့စာကြောင်းက Z&U box java direct လင့်ခ်လေးပါခင်ဗျာ...ကိုယ်ပိုင် hosting နဲ့လဲပြန်ဖြည့်လို့ ရပါတယ် ဒါမှမဟုတ် ကျွန်တော်ပေးထားတဲ့လင့်ခ်နဲ့လဲ သုံးနိုင်ပါတယ်။ အကယ်၍ ကိုယ်ပိုင် hosting မှာတင်ချင်ရင်တော့ ဒီဖိုင် ကိုဒေါင်းပြီး အခြား hosting ဆိုက်တွေမှာတင်နိုင်ပါတယ်။
ကဲ အဆင်ပြေပြီ မဟုတ်လား ဟဲ

No comments:

Related Posts Plugin for WordPress, Blogger...